APT 850 WT, Water Resisting Concrete Admixture
APT 850 WT, Water Resisting Concrete Admixture (ရေစိမ့်ဝင်မှုလျှော့ချပေးသော ဆေးရည်)
- APT 850 WT သည် ကွန်ကရစ်မျက်နှာပြင်ရှိ micropores (ကွန်ကရစ်အပေါက်ငယ်) များမှ တစ်ဆင့် ကွန်ကရစ် အတွင်းသို့ ရေစိမ့်ဝင်မှု မဖြစ်စေရန် ကာကွယ်ပေးသော ရေစိမ့်ဝင်မှုလျှော့ချဆေးရည် ဖြစ်ပါသည်။
APT 850 WT, Water Resisting Concrete Admixture အသုံးပြုနိုင်သောနေရာများ
- APT 850 WT သည် ကွန်ကရစ် ဖျော်စပ်ရာတွင် ရောစပ် အသုံးပြုသောဆေးရည် ဖြစ်ပါသည်။
- ရေနှင့် အများဆုံးထိတွေ့နိုင်သော အမိုး Slab ၊ နံရံ ကြမ်းခင်း ၊ ရေကူးကန် ၊ Ground Tank နှင့် Basement တို့တွင် ရေအလွယ်တကူ စိမ့်မဝင်နိုင်ရန် အသုံးပြုနိုင်ပါသည်။
APT 850 WT အသုံးပြုရန် ခန့်မှန်းပမာဏ
- ဆေး 1 Liter လျှင် ပျမ်းမျှအနေဖြင့် ဘိလပ်မြေ ၅ အိတ်အထိ ရောစပ် အသုံးပြုပေးနိုင်ပါသည်။
- ဘိလပ်မြေ 50 kg တစ်အိတ်လျှင် 0.1 Liter မှ 0.5 Liter အတွင်း ရောစပ် အသုံးပြုနိုင်ပါသည်။
APT 850 WT ရောစပ်အသုံးပြုပုံ
- ဘိလပ်မြေနှင့် ရောစပ်မည့် ရေပမာဏ၏ တစ်ဝက်နှင့် ရေစိမ့်ဝင်မှု လျှော့ချဆေးရည်အား ရောစပ်ပြီး ဘိလပ်မြေနှင့် နှံ့စပ်အောင် ဖျော်စပ်ရမည်။ ထို့နောက် ကျန်ရှိသည့် ဆေးရည်မရောစပ်ထားသည့် ရေတစ်ဝက်အား ကွန်ကရစ်အပျော့အမာ ချိန်ဆ၍ ထည့်သွင်း အသုံးပြုနိုင်ပါသည်။