1220 x 2440mm, 3mm Thickness, KL8267 , UV Marble Sheet

78,480.00 MMK 78480.0 MMK 78,480.00 MMK

78,480.00 MMK

    This combination does not exist.

    Terms and Conditions
    30-day money-back guarantee
    Shipping: 2-3 Business Days

    UV Marble Sheet သည် ခေတ်မှီအိမ်တွင်းအလှဆင်ပစ္စည်းတစ်မျိုးဖြစ်ပြီး UV Curing Process Layer (UV ကာအလွှာ) ၊ Decorative Texture Layer (အလှဖော် Design ပါအလွှာ) ၊ Waterproof & Fire Retardant Base Layer (ရေလုံပြီး၊ မီးတားနိုင်သောအောက်ခြေခံအလွှာ) စသည့်အလွှာသုံးလွှာတို့ဖြင့် ဖွဲ့စည်းထားပါသည်။ PVC ဘုတ်ပြားပေါ် တွင် Design Film ထပ်၍ UV Coating ပါသော ပစ္စည်းတစ်မျိုးဖြစ်ပါသည်။

    UV Marble Sheet ၏အားသာချက်များ

    • ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူခြင်း
    • အိမ်သုံးပစ္စည်းများဖြင့် အလွယ်တကူ တပ်ဆင်နိုင်ခြင်း
    • ဘက်တီးရီးယားနှင့် မှိုများ အလွယ်တကူ စွဲကပ်မှုမရှိနိုင်ခြင်း
    • ဖုန်မှုန့်များမထွက်သဖြင့် အိမ်အတွင်း လေညစ်ညမ်းမှုမဖြစ်နိုင်ခြင်း
    • ကြွေပြားနှင့် Granite အစားထိုးအသုံးပြုနိုင်သော ပစ္စည်းဖြစ်ခြင်း
    • သဘာဝဆန်သော Pattern Design များကြောင့် စိတ်အေးချမ်းမှုကို ရရှိနိုင်ခြင်း
    • ရေစိုခံနိုင်ခြင်းနှင့် အပူချိန်လျှော့ချပေးနိုင်ခြင်းကြောင့် လျှပ်စစ်မီးသုံးစွဲမှုကို လျှော့ချပေးနိုင်ခြင်း
    UV Marble Sheet အသုံးပြုပုံ
    • Step:1 - UV Marble Sheet ကို မိမိအသုံးပြုမည့် အတိုင်းအတာအလိုက် ဖြတ်တောက်ထားရမည်။
    • Step:2 - အလှဆင်မည့် ဘုတ်ကျောဘက်မျက်နှာပြင်တွင် အသုံးပြုမည့် ကော်နှင့် Double Tape ကိုကပ်ထားရန်လိုအပ်ပါသည်။
    • Step:3 - Silicon ထိုးပြီး ဖြတ်တောက်ထားသော UV Marble Sheet ကို လိုအပ်သည့်နေရာတွင် ကပ်လိုက်ရုံဖြင့် မိမိစိတ်ကူးထဲက အိမ်ပုံစံလေးအတိုင်း အလွယ်တကူ အလှဆင်နိုင်ပါသည်။
    လိုအပ်သည့်ပစ္စည်းကိရိယာများ
    • ပေဘူး
    • Double Tape
    • Grinder
    • ဖြတ်ဓား
    • ကော်ဘူးနှင့် Gun