5L, Nitobond SBR, FOSROC, Bonding Agent
Size: 5L |
Product Type: Nitobond SBR FOSROC Bonding Agent |
Nitobond SBR, FOSROC, Bonding Agent
- Nitobond SBR သည် Polymer Base (Bonding Agent) အမျိုးအစားဖြစ်ပြီး ကွန်ကရစ် အသစ် နှင့် အဟောင်းများ တွဲစပ်ရာတွင် အထူးကောင်းမွန်စွာ စွဲကပ်နိုင်ပါသည်။
- အသားသေပြီးသားကွန်ကရစ် နှင့် ကွန်ကရစ်အသစ်တွဲစပ်ရာတွင် တွဲစပ်မှုမရှိသောနေရာများ
- တွဲစပ်သော နေရာတစ်လျှောက်တွင် ဖြစ်ပေါ်လာသော အက်ကြောင်းများ
- ကွန်ကရစ်ခွဲထွင်းပြုလုပ်ပြီး ပြန်လည်ပြုပြင်ရာတွင် Repair Mortar နှင့် ကွန်ကရစ်ကြား တွဲစပ်မှု မရှိသောနေရာများ
- ကွန်ကရစ် အသစ်နှင့် အဟောင်း တွဲစပ်မည်ဆိုလျှင် မတွဲစပ်မှီ Nitobond SBR ကို ကြိုတင်သုတ်လိမ်းပေးထားရပါမည်။ (၁၅ မိနစ်ခန့်ကြာပြီးမှ ကွန်ကရစ် အသစ်ကို ထပ်လောင်းပေးရပါမည်။)
- ကွန်ကရစ်ခွဲထွင်းပြုလုပ်ပြီး ပြုပြင်ရမည့် နေရာများတွင် ဖုန်မှုန့် နှင့် ကွန်ကရစ်ဂျိုးများကို အရင်ဆုံးဖယ်ရှားထားရပါမည်။ (Nitobond SBR ကို ကြိုတင်သုတ်လိမ်းထားခြင်းဖြင့် စွဲကပ်မှုပိုမိုကောင်းမွန်စေစေမည်။)
- နံရံ ပလာစတာ မချောမီ ဗြုတ်ရိုက်သောနေရာများတွင်လည်း Bonding Agent ကို ရောစပ်၍ ဗြုတ်ရိုက်နိုင်ပါသည်။
- ပလာစတာချောမည့် Concrete Mortar ထဲသို့ ရောစပ်၍ ဖျော်ပေးခြင်းဖြင့် ပလာစတာ လေခိုခြင်း၊ ပလာစတာ အက်ကြောင်းများ ဖြစ်ပေါ်ခြင်းတို့ကို ရှောင်ရှားနိုင်ပါသည်။
- မဆလာ Topping လောင်းရာ၌လည်း Nitobond SBR ကို သုတ်လိမ်းပြီးမှ လောင်းပေးခြင်းဖြင့် Topping လေခိုခြင်း၊ အက်ကြောင်းပေါ်ခြင်းတို့ကို မဖြစ်စေနိုင်ပါ။
- နံရံ ပလာစတာ ချောခြင်းနှင့် Floor Topping လောင်းသောအချိန်များတွင် ဘိလပ်မြေတစ်အိတ်လျှင် Nitobond SBR - ၅ လီတာ ရောစပ်ပြီး သုံးပေးရပါမည်။
- ၂၀ လီတာ ဆေးတစ်ပုံးလျှင် ၅ ကျင်းအထိ ရောစပ်ပြီး အသုံးပြုနိုင်ပါသည်။