H 1295 x W 1050 x D 650, Excellent, Safe Box
Width: 24" |
Length: 42" |
Weight: 500 kg |
Height: 51" |
Excellent Safe Box (မီးခံသေတ္တာ)
- Safe Box ဆိုသည်မှာ မိမိတို့၏ အရေးကြီးစာရွက်စာတမ်းများနှင့် အဖိုးတန်အရာများကို မီးဒဏ်၊ ရေဒဏ်၊ ရာသီဥတုဒဏ် နှင့် ဖောက်ထွင်းဖျက်ဆီးခံရခြင်းဒဏ်မှ လုံခြုံစိတ်ချစွာ ကာကွယ်ပေးနိုင်သော သေတ္တာတစ်လုံး ဖြစ်သည်။
- Excellent Safe Box ကို Taiwan နည်းပညာဖြင့် Taiwan နိုင်ငံမှ တင်သွင်းသော Material & Accessories များကို အသုံးပြု၍ Export Quality နှင့် အညီ မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားသော အရည်အသွေးမြင့် မီးခံသေတ္တာ အမျိုးအစားဖြစ်ပါသည်။
- Fireproof Safe Box (မီးဒဏ်ခံနိုင်သောသေတ္တာ) ဖြစ်သောကြောင့် သတ္ထု နှစ်ထပ်ဖြင့် ပြုလုပ်ထားပြီး ထိုသတ္ထုများသည် အပူချိန်ခံနိုင်မှုရှိခြင်း၊ မာကြော ကြံ့ခိုင်ကာ၊ ကြာရှည်ခံခြင်းနှင့် မီးဒဏ်ခံနိုင်မှုရှိသော ပစ္စည်းများဖြင့် ပေါင်းစပ်ပြုလုပ်ထားသောကြောင့် မီးလောင်ဒဏ်ကို ခံနိုင်မှုရှိခြင်းစသော အကျိုးကျေးဇူးများ ရှိသောသေတ္တာဖြစ်သည်။
- မီးဒဏ်ခံနိုင်မှုကို နိုင်ငံတကာအဖွဲ့အစည်းများ၏ စံချိန်စံညွှန်းအတိုင်း အပူချိန် 1000°C ဖြင့်စမ်းသပ်စစ်ဆေးခဲ့ရာတွင် အချိန် (၂) နာရီကြာ မီးလောင်ကျွမ်းမှုဒဏ်ကို ခံနိုင်ရည်ရှိသောကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ခံမှုလက်မှက်ရရှိထားသော မီးခံသေတ္တာ အမျိုးအစားဖြစ်ပါသည်။
- မီးခံသေတ္တာများသည် မမျှော်လင့်ပဲဖြစ်ပေါ်လာသော မတော်တဆမှုများနှင့် ဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်ခြင်း
- အလိုအလျောက် အသံပေးစနစ် (Automatic Alarm System) ပါဝင်သောကြောင့် ခိုးယူခံရမှုများကို ကာကွယ် တားဆီးပေးနိုင်ခြင်း
- စာရွက် စာတမ်းများ ပျောက်ဆုံးခြင်းများကို Safebox (မီးခံသေတ္တာ) အတွင်းသိမ်းဆည်းကာ ရှောင်ရှားနိုင်ခြင်း
- Combination Lock, Key Lock, Handle (လက်ကိုင်), Adjustable Shelf (ချိန်ညှိ၍ အသုံးပြုနိုင်သော စင်), Drawer (အံဆွဲ) နှင့် Wheels (ဘီး) များ ပါဝင်သောကြောင့် လိုအပ်သည့်နေရာတွင် လိုအပ်သလို အလွယ်တကူ ရွှေ့ပြောင်း ဖွင့်ပိတ် လုံခြုံစိတ်ချစွာဖြင့် အသုံးပြုနိုင်ခြင်း