25kg, Sika Grout 214MM, High Performance Non Shrink Grout Large Volume
| Product Type: MULTI-PURPOSE DUAL SHRINKAGE COMPENSATED CEMENTITIOUS GROUT |
| Physical Appearance: Grey Premixed Powder |
| Packaging: 25 kg bag |
| Shelf life: 6 months from date of production |
| Maximum grain size: 3.3 mm |
SikaGrout -214MM
- ဆောက်လုပ်ရေးလုပ်ငန်းနှင့် လမ်းတံတားများတွင်အသုံးပြုသော SikaGrout -214MM
- Steel Structure Base Plate အောက်ခြေနေရာများ
- တံတား Bearing Pad အထိုင်များချရာတွင်လည်းကောင်း၊ စက်ကြီးများအထိုင်ချရာတွင် Bolt Hole များ (ဘို့တိုင်အပေါက်များ) အတွင်း ဖြည့်ရာတွင် အသုံးပြုသည်။
- Anchor Bolt စိုက်သောနေရာများ
- ကွန်ကရစ် Beamများ၊ Column များရှိ HoneyCombများ၊ Gapများ၊ ကွန်ကရစ် လောင်းစဥ်အခါက ကျန်ရစ်ခဲ့သောနေရာများအား ပြန်လည်ဖြည့်ရာတွင်လည်းကောင်း၊ ကွန်ကရစ်ကြမ်းခင်းများရှိ အက်ကြောင်းများ (အနည်းဆုံး ၁၀ မီလီမီတာ အကျယ်ရှိသောအက်ကြောင်း) အားပြန်လည်ဖြည့်ရာတွင်အသုံးပြုနိုင်သည်။
- SikaGrout -214MM တစ်အိတ်တွင် 25kg ပါဝင်ပြီး၊ ရောစပ်ရာတွင် Grout တစ်အိတ်လျှင် ရေ (15%), 3.75 Liters အထိရောစပ်နိုင်သည်။
- ရောစပ်မည့်ပုံးထဲသို့ ရေ 3 Liters ခန့် အရင်ထည့်ပါ။ ပြီးလျှင် Grout အားဖြည်းညင်းစွာ ထည့်နေစဥ် မွှေစက်ဖြင့် (၃ မိနစ်) ခန့် သမအောင်မွှေပါ။
- ကျန်ရှိသော ရေ 0.75 Liter အား လိုအပ်သလို ချိန်ထည့်ပါ။
- SikaGrout -214MM သည် 1 Day ဖြင့် Concrete Strength 40MPa ခန့်ရရှိနိုင်ပြီး၊ 1m3 တွင် 75 အိတ်ခန့် အသုံးပြုရပါသည်။
- လောင်းနိုင်သောအထူမှာ Min- 10mm to Max-70mm
- SikaGrout -214MM ကို သတ်မှတ်ထားသော အထူထက် ပိုလောင်းလိုပါက (သို့) Volume များများလောင်းမည် ဆိုပါက ကျောက်သေး 50% မှ 100% အထိ ရောစပ်အသုံးပြုနိုင်ပါသည်။