25kg, Sika Top Seal 107, Waterproofing Damp-proofing Cementitious Slurry
Color: Concrete Gray and Off White |
Product Type: Flexible, Waterproofing and Protective Slurry Mortar |
Sika Top Seal 107
- Sika Top Seal 107 သည် အရည်နှင့် အမှုန့် နှစ်မျိုးပေါင်းစပ်၍ ရေပိတ်လွှာ အဖြစ် အသုံးပြုနိုင်သော ဆေးဖြစ်ပါတယ်။
- Concrete Roof Slab ငယ်များ
- ရေတားနံရံများ (Retaining Wall)
- မြေအောက်ခန်း နံရံများ (Basement Walls) နှင့်
- Drinking Water Certificate ရရှိထားသောကြောင့် သောက်သုံးရေကန်များနှင့် ရေလှောင်ကန်များ (Water Tanks) တွင် အသုံးပြုနိုင်ခြင်း
- ရေချိုးခန်း နံရံများနှင့် ကြမ်းပြင်များတွင် အသုံးပြုနိုင်ခြင်း
- Sika Top Seal 107 (၁စုံ) တွင် အဖြူရောင်ဆေးရည် 5kg နှင့် ဆေးအမှုန့် 20kg ပါ၀င်ပါသည်။
- Sika Top Seal 107 ရောစပ်ရာတွင် ဆေးရည် (၁ဆ) ဆေးမှုန့် (၄ဆ) ခန့်ရော၍ ၃မိနစ်ခန့် သမအောင်မွှေရပါမည်။ (မွှေစက်ဖြင့် မွှေပေးလျှင် ပိုကောင်းပါသည်)
- အားလုံးရောစပ် ပြီးပါက အသုံးပြုမည့် မျက်နှာပြင်ကို ရေဖြင့်သေချာစွာ ဆေးကြောရပါမည်။
- ဆီ၊ အမှုန် နှင့် အမှိုက်တို့ မကျန်ရှိစေရန် သံ Brush (သို့) Brush အကြမ်းတို့ဖြင့် သေချာစွာ သန့်ရှင်းပေးရပါမည်။
- ထို့နောက်စိုထိုင်းထိုင်း အနေအထားရှိသော ကွန်ကရစ်ကြမ်းခင်း/ နံရံ မျက်နှာပြင်ပေါ်တွင် ဖျော်စပ်ထားသော Sika Top Seal 107 အား အစိုပေါ်အစိုထပ် (Wet to Wet) အနေအထား ဖြင့် သုတ်လိမ်းရပါမည်။
- အသုံးပြုမည့် မျက်နှာပြင်တွင် ရေ၀ပ်ခြင်း၊ ရေတင်ခြင်း လုံးဝမရှိရပါ။
- Sika Top Seal 107 ကို သုတ်လိမ်းသည့်အချိန်တွင် ပတ်တီးပြား (သို့) ဆေးသုတ်တံ ဖြင့်လည်း သုတ်လိမ်းနိုင်ပါသည်။
- ခဲမသွားမီအချိန်အတွင်း ပြီးအောင်သုတ်လိမ်းရပါမည်။
- Sika Top Seal 107 ကို နှစ်ထပ် (2 Coat) ခန့် သုတ်လိမ်းသင့်ပါသည်။
- ရေချိုးခန်း ၊ အိမ်သာ နေရာများတွင် One Coat လျှင် 1.5kg/m2
- Retaining wall, Basement နှင့် သောက်ရေကန်၊ ရေတွင်း၊ ရေကန် များတွင် One Coat ကို 2kg/m2
- တစ် Coat နှင့် တစ် Coat ကို (၃နာရီ) မှ (၆နာရီ) ခြား၍ သုတ်လိမ်းသင့်ပါသည်။
- Sika Top Seal 107 ကို 1 m2 လျှင် 4kg ထက်ပို၍ အသုံးမပြုသင့်ပါ။