1kg, SikaMonotop 102TH, Waterplug
Color: Grey Powder |
Product Type: FAST SETTING COMPOUND FOR STOPPING WATER LEAKS |
Sika Monotop 102 (Waterplug)
- Sika MonoTop 102 (Waterplug) သည် ရေယိုစိမ့်မှုကို အမြန်ဆုံးကာကွယ်နိုင်ပြီး အခြောက်မြန်သော ရေတားဆေးမှုန့် ဖြစ်ပါသည်။
- ကွန်ကရစ်နှင့် ကျောက်သားနံရံများမှ ရေယိုစိမ့်ထွက်မှုများကို ကာကွယ်တားဆီးသောနေရာတွင် အသုံးပြုနိုင်ပါသည်။
- စက္ကန့်ပိုင်းအတွင်း ခြောက်သွေ့စေသော အာနိသင်ရှိပါသည်။
- ပထမဆုံးအနေဖြင့် အက်ကြောင်းကို ဗွီ (V) ပုံသဏ္ဍာန်ဖြစ်အောင် အရင်ဆုံးထွင်းရပါမည်။
- ပြီးနောက် ထွင်းထားသောနေရာကို အစအနများ မကျန်အောင်ဖယ်ရှားပြီး ရေနှင့် ဆေးကြောပေးရပါမည်။ (သန့်ရှင်းရေးကို သေသေချာချာလေး လုပ်ပေးရပါမည်။)
- အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် Sika Monotop 102 1 Kg ကိုယူ၍ ရေ 0.2 Liter ဖြင့်ရော၍ သမအောင်မွှေရပါမည်။
- ရောသမမွှေပြီးနောက် ဗွီ (V) ပုံထွင်းထားသော အက်ကြောင်းအတွင်းထဲသို့ ဖျော်ထားသော Sika MonoTop 102 (Waterplug) ကို စက္ကန့် ၉၀ ခန့် သေချာစွာ ဖိသိပ်ပြီးမှ လွှတ်ရပါမည်။
- ပြီးလျှင် အပေါ်မှ Repair Mortor (သို့) Epoxy Sikadur 31 CF နှင့် အချောသပ်နိုင်ပါသည်။
- Sika Monotop 102 (Waterplug) ကို လက်အိတ်ဖြင့်သာ ကိုင်တွယ်အသုံးပြုရပါမည်။
- ရေယိုစိမ့်မှု အလွန်ပြင်းထန်နေပါက သစ်သားဆို့ ဖြင့် အရင်ဆုံးပိတ်ပေးရပါမည်။
- Sikadur MonoTop 102 (Waterplug) သည် အလွန်အခြောက်မြန်သောကြောင့် အနည်းငယ်စီသာ ဖျော်စပ်အသုံးပြုသင့်ပါသည်။
- အရေးကြီးဆုံးအချက်မှာ Sika MonoTop 102 (Waterplug) ကို သဲ၊ ကျောက်၊ ဘိလပ်မြေ နှင့် အခြား ဓာတုဆေးရည်များဖြင့် ရောစပ်အသုံးမပြုမိရန် သတိထားရပါမည်။
- Sika MonoTop 102 (Waterplug) ကို ရေဖြင့်သာရောစပ် အသုံးပြုရပါမည်။