4mm, 1200mm x 2400mm, TARGET Smart Board
Thickness: 4 mm (4MM) |
Size: 1200 mm x 2400 mm |
Target Smart Board အသုံးပြုနိုင်သော နေရာများ
အိမ်ဝန်းနံရံကာရံခြင်း- Target Board သည် အပူချိန်နှင့် အစိုဓာတ်တို့ကို ခံနိုင်သည့်အတွက် အိမ်ဝန်းနံရံများအဖြစ် သံဖရိမ်ဖြင့်သော်လည်းကောင်း၊ ကွန်ကရစ်တိုင်ဖြင့်သော်လည်းကောင်း အလှဆင်ရာတွင် တွဲဖက်၍ အသုံးပြုနိုင်ပါသည်။
- အုတ်တံတိုင်းကာရံသည့် ကုန်ကျစရိတ်ထက်များစွာ လျော့နည်းပြီး အချိန်တိုအတွင်း မြန်ဆန်စွာ ပြုလုပ်သွားနိုင်ပါသည်။
- မိမိတို့တိုက်တာနေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ အလုပ်ရုံးခန်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီ တန်ဆောင်းများ စသည့်အဆောက်အဦများတွင် လိုက်ဖက်သည့် ဒီဇိုင်းပုံဖော်၍ Target Board ကို အသုံးပြုနိုင်ပါသည်။
- မီးသီး၊ မီးချောင်းများကို စိတ်တိုင်းကျ ချိတ်ဆွဲတပ်ဆင်နိုင်ပါသည်။
- RC ကွန်ကရစ်လောင်းထားသော ဖရိမ်ဖြစ်စေ၊ အုတ်တက်ထားသော ဖရိမ်ဖြစ်စေ၊ သစ်သားတန်း တပ်ဆင်ထားသော ဖရိမ်ဖြစ်စေ၊ သံဖရိမ်ဖြစ်စေ အပြင်နံရံအဖြစ် Target Board ကို အသုံးပြု၍ အပြင်နံရံအဖြစ် ကာရံတပ်ဆင်နိုင်ပါသည်။
- မိမိတို့နှစ်သက်ရာ ဆေးရောင်ကို ရွေးချယ်ပြီး အိမ်၏လှပမှုကို ဖော်ကြူးနိုင်ပါသည်။
- မိမိတို့ပိုင်ဆိုင်သော အဆောက်အဦအတွင်း ကြိုက်သည့်နေရာတွင် သစ်သားဖြင့်ဖြစ်စေ၊ သံဖြင့်ဖြစ်စေ ဖရိမ်ခံပြီး အခန်းကာရံ အသုံးပြုနိုင်ပါသည်။
- အခန်းလုံခြုံမှုရှိခြင်းကြောင့် အဲယားကွန်းတပ်ဆင် သုံးစွဲနိုင်ပါသည်။ အခန်းနေရာရွှေ့ပြောင်းလိုပါက ပျက်စီးမှုမရှိဘဲ နေရာပြောင်းလဲတပ်ဆင်နိုင်သဖြင့် ထပ်မံကုန်ကျစရိတ်ကို သက်သာနိုင်ပါသည်။
- Target Board ကို ကြမ်းခင်းအဖြစ် သုံးစွဲခြင်းဖြင့် ကြမ်းခင်း ခြစားခြင်းရန်မှ ကင်းဝေးစေပါသည်။
- ကြမ်းပြင်ပေါ်သို့ ရေကျခြင်းကြောင့် ဆွေးမြေ့မှုဖြစ်ပေါ်ခြင်းမရှိဘဲ လိုအပ်ပါက ရေဖြင့်ဆေးကြော၍ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်နိုင်ပါသည်။
Target Board အသုံးပြုခြင်း၏အကျိုးကျေးဇူးများ
- အရည်အသွေးကောင်းမွန်သော ကုန်ကြမ်းများ အသုံးပြုပြီး အဆင့်မြင့် နည်းပညာဖြင့် ပေါင်းစပ်ပြုလုပ်ထားသည့်အတွက် တောင့်တင်းခိုင်မာမှုရှိသောကြောင့် ခံနိုင်ရည် အထူးကောင်းမွန်ပါသည်။
- ရေငွေ့ဒဏ်သာမက ပြင်ပတွင်သုံးသော အပူဒဏ်၊ နေပူဒဏ် နှင့် မိုးဒဏ် ခံနိုင်မှုရှိပါသည်။
- အလေးချိန်ပေါ့ပါးသည့်အတွက် အလုပ်သမားများစွာ မလိုဘဲ မိမိတို့ အဆောက်အဦများသည် သစ်သားဖြင့်ဆောက်လုပ်ထားသည်ဖြစ်စေ၊ သံဖြင့်ဆောက်လုပ်ထားသည်ဖြစ်စေ၊ အုတ်ဖြင့်ဆောက်လုပ်ထားသည်ဖြစ်စေ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်သဖြင့် အချိန်ကုန်သက်သာစေပါသည်။ လွယ်ကူလျင်မြန်စွာ ဆောက်လုပ်တပ်ဆင်နိုင်သဖြင့် မိမိတို့၏ အဖိုးတန် အချိန်များကို အလဟသမကုန်စေဘဲ အခြားလုပ်ငန်းများအား အချိန်ပေး ဆောင်ရွက်သွားနိုင်ပါသည်။
- ရေသုံးစွဲရန် မလိုဘဲ တပ်ဆင်နိုင်ပြီး ဘေးထွက်အညစ်အကြေးမရှိသည့်အတွက် သေသပ်သန့်ရှင်းမှုရှိ၍ ဆေးရောင်ခြယ်နိုင်သဖြင့် ပိုမိုလှပခြင်းကို ခံစားရစေပါသည်။