2kg, Sikadur-31 CF Normal, 2-part thixotropic Multipurpose Expoxy Adhesive
Color: Components A+B mixed: Concrete Grey |
Product Type: 2-Part Thixotropic Multipurpose Expoxy Adhesive |
Packaging: 2 kg (A+B) |
Composition: Epoxy Resin |
Shelf life: 24 months from date of production |
Sikadur 31 CF
- Sikadur 31 CF သည် ထိခိုက်ပျက်စီးလွယ်သော Concrete Corner (သို့မဟုတ်) ကွန်ကရစ် မျက်နှာပြင်များ ကို ပြုပြင်ရာတွင်လည်းကောင်း၊ ကွန်ကရစ် အက်ကြောင်းများ ပြုပြင်ဖာထေးရာတွင်လည်းကောင်း အသုံးပြုနိုင်သော Epoxy အခြေခံ စေးကပ်သော Putty ဖြစ်ပါသည်။
- ကွန်ကရစ်အပေါက်များ နှင့် အက်ကြောင်းများ ဖာထေးရာတွင် အသုံးပြုနိုင်ခြင်း
- ကွန်ကရစ် နှင့် ကြွေပြား၊ သစ်သား၊ စတီး၊ သံ၊ မှန်၊ အလူမီနီယမ်၊ ကျောက်ပြားများ၊ PVC ပိုက်များ နှင့် သဘာဝကျောက်တုံး အချင်းချင်းကပ်စေသော ကော်အဖြစ် အသုံးပြုနိုင်ခြင်း
- Construction Joint များတွင်သုံးသော Swellable Joint Waterproofing အမျိုးအစား Sika Hydrotite အား ရွေ့လျားမှု မရှိစေရန် ကပ်သောအခါတို့တွင် အသုံးပြုနိုင်ပါသည်။
- Sikadur 31CF တွင် Component A နှင့် Component B (၂ပိုင်း) စုစုပေါင်း 2kg ပါ၀င်ပါသည်။
- ရောစပ်သောအခါ (Component A ၂ဆ ၊ Component B ၁ဆ) တို့အား ခွက်တစ်ခုထဲတွင် ထည့်ပါ။
- ပြီးနောက် (၃မိနစ်ခန့်) မွှေစက်ဖြင့် သမအောင်မွှေပါ။
- Sikadur 31CF ထည့်မည့်အပေါက်အား Air Compressor ဖြင့် သန့်ရှင်းပေးရပါမည်။
- ️Sikadur 31CF အသုံးပြုမည့်နေရာသည် ခြောက်သွေ့၍ ရေလုံးဝမရှိသည့် နေရာဖြစ်ရမည်။
- အက်ကြောင်းအတွင်းသို့ ရောစပ်ထားသော Sikadur 31 CF အား ပတ်တီးပြား (သို့) သံလက် အသေးဖြင့် သေချာစွာ ဖြည့်သိပ်ရပါမည်။
- အက်ကြောင်းသည် နံရံတွင်ဖြစ်ပါက တစ်ကြိမ်လျှင် 30mm အထူထိသာ ဖြည့်သိပ်ရပါမည်။
- ရောစပ်ထားသော Sikadur 31CF အား မိနစ်၃၀ အတွင်း အပြီးသုံးရပါမည်။
- 1 mm အထူဖြစ်လျှင် 1m² အတွက် Sikadur 31CF 1.9kg ခန့် အသုံးပြုရပါမည်။
- Sikadur 31 CF ကိုလက်အိတ်ဖြင့်သာကိုင်ရပါမည်။
- သန့်ရှင်းရေးပြုလုပ်ပါက မခြောက်ခင်ပြုလုပ်ရပါမည်။ (မှတ်ချက်- Thinner ကို အသုံးပြု၍ သန့်ရှင်းရေးပြုလုပ်နိုင်ပါသည်။)